-ဖုန်းကတ်နဲ့ဖုန်းခေါ်၇င်ဘာတွေ ဒုက္ခရောက်သလဲ။
- ပိုက်ဆံကုန်တာပေါ့
- ပိုက်ဆံကုန်တာမှန်ပေမယ့် မဆက်မဖြစ်ဆက်နေကြရတယ်လေ။အခုပြောပြမှာက အဲလိုအကုန်ခံဆက်ရတဲ့အခါ ကြုံရတဲ့အခက်အခဲလေးတွေကိုဖြေရှင်း
နိုင်အောင်ပါ။ဒါပေမယ့် ဖုန်းအားလုံးနဲ့တော့ မစမ်းနိုင်ပါဘူး ။ ကျွန်တော်သုံးတာက NOKIA ပါ။အဲဒီဖုန်းနဲ့တော့ အဆင်ပြေတယ်။ ကျန်တဲ့ဖုန်းတွေလည်းစမ်း
ကြည့်ရင်ရမယ်ထင်ပါတယ်။
 အဓိက ပြဿနာက ဒီလိုဗျ။ ဖုန်းခေါ်တယ်ဆိုပါတော့။ ပထမ နံပါတ်ကိုခေါ် ၊ ဘာသာ ကိုရွေး ၊ ပင်ကုတ်ထည့် ၊ ပြီးမှ လိုချင်တဲ့ နံပါတ်ကိုရိုက်ရတာမလား။
အဲဒီတော့ အဲလိုအချိန်မှာ လိုင်းမကောင်းလို့ပဲဖြစ်ဖြစ် ဟိုဘက် ဖုန်းမအားတာပဲဖြစ်ဖြစ် ခေါ်မရတဲ့အခါ တပင်တပန်းရိုက်ထားတာတွေဟာ အလဟသတ်ဖြစ်ကုန်ရော။ အဲလိုမရိုက်ရပဲ တစ်ခါ ရိုက်ထားရုံနဲ့ ထပ်ခါထပ်ခါ ခေါ်လို့ရမယ်ဆိုရင် မကောင်းဘူးလား။ အဲဒီပင်ကုတ်ကိုလည်း မှတ်နေစရာမလိုတော့ဘူးလေ အဲဒီကတ်ကိုလွင့်ပစ်လိုက်လို့ရပြီပေါ့။